Sunday 28 October 2012

fifa managerတွင် myanmar national leagueထည့်ရန်

ပထမဆုံး C:\Program Files\FIFA Manager 12\database မှာ male nameတို့ surnameတို့မှာ မြန်မာ နာမည်တွေ ပြောင်းသင့်ပါတယ် မူလပါတဲ့ နာမည်တွေက တလွဲတွေပါ MaleNames.txt ကိုဖွင့်ပီး အောက်ပိုင်းမှာ myanmar ဆိုတာကို ရှာပီး နာမည်တွေပြင်ပါ
အဲလိုမပြင်ဘူးဆိုရင် gameက မြန်မာplayerတွေကို generateလုပ်တဲ့အခါ ma thida maung-maungတို့ aungsan Baugyiတို့ စတဲ့ တလွဲနာမည်တွေနဲ့ generate လုပ်ပါလိမ့်မယ်
ပီးရင် afc cup အတွက် Asia continental.txtကို ပြင်ပါ
ပီးရင် C:\Program Files\FIFA Manager 12 က EdManager13.exeကို ဖွင့်ပါ
စစချင်း europe>england ကိုရောက် သွားပါမယ် asia>myanmarကို ရွေးပါ မြန်မာအသင်း တသင်းမှ gameမှာ မပါပါ အဲဒါကြောင့် right-clickနှိပ်ပီး create new clubကို click အသင်းနာမည်နဲ့ မြို့နာမည်ထည့်ပါ လက်ဝင်ပေမယ့် gameဆော့တဲ့အခါ အရမ်းမိုက်ပါတယ်

မြန်မာအသင်းများ ထည့်ပီးပုံ
ပီးရင် ကလပ်နာမည်ပေါ် right clickနိပ် edit club setting မှာ ခင်ဗျား စိတ်ရှည်ရင် ရှည်သလောက် detail ပြင်နိုင်ပါတယ် အရေးကြီးတာက ခင်ဗျားအသင်း၇ဲ့ detailမှာ club prestige ဆိုတာပါပဲ အဲမှာ 0ဖြစ်နေရင် ခင်ဗျား အသင်းကို ဘယ်သူမှ လာမှာ မဟုတ်ဘူး club prestige မှာ localတို့ internationalတို့မှာ 7လောက်ရှိသင့်ပါတယ် ကိုရီးယားကေလိဂ် ကလပ်တွေနဲ့ နှိုင်းယှဉ်ကြည့်ပါ

ပီးရင် ဘယ်ဘက်အောက်ထောင့်မှာ country settingဆိုတာ ကို click ပါ အဲဒီမှာ generalမှာ league rating ကို 58လောက်ထားသင့်ပါတယ် မဟုတ်ရင် gameကစားရင် မြန်မာလိဂ်က အရမ်းနိမ့်လွန်းလိုံ ဘယ်သူမှ ခင်ဗျားအသင်းကို ပြောင်းကစားမှာ မဟုတ်ဘူးleague rating ကို 75လောက်ထားရင်တော့ နာမည်ကြီးကစားသမားတွေ လာပါလိမ့်မယ် probability for overseas transferကို 30 percent လောက်ထားပါ တခြားအသင်းတွေကလည်း နိုင်ငံခြားကစားသမားတွေ ခေါ်ပါလိမ့်မယ် ပိုပီး မိုက်တာပေါ့ဗျာ

ပီးရင် country setting>league systeam ကို သွားပါ set original league system မှာ 1ထားပါ မြန်မာ လိဂ်တခုပဲရှိတာကိုး ပီးရင် ညာဘက်ကcompetition ဆိုတာကို နှိပ်ပါ competitionအစား myanmar national league လို့ပြင်ပါ prize moneyထည့်ပါ တော်ကြာ ချန်ပီယံ ငွေမရ ဖြစ်နေဦးမယ်


ပီးရင် league composition ကိုသွားပါ ကလပ်တွေကို ဘယ်ဘက်ကို dragဆွဲပီး အဆင့်အလိုက်စီပါ ပထမအသင်းနဲ့ ဒုတိယအသင်းက afc cup ပြိုင်ရပါမယ်


ပီးရင် fixture list ကို clickပါ computer generated fixture listကို clickပါ ပီးရင် calendarကို ဝင်ပါ compare with ဆိုတဲ့ boxမှာ korea k-leagueကိုရွေး ကေလိဂ်နဲ့ ယှဉ်ပီး ပွဲစဉ်ဇယားဆွဲပါ check error ကို clickပါ no error found ဖြစ်ရပါမယ်



ပီးရင် mff cup ထည့်ဖို့ country setting>cupကို သွားပါ generate generic cupကို clickပါ MFF cup လို့ ပြင်ပါ

ကဲ ဒီလောက်ဆို ရပါပီ ညာဘက်အောက်ဆုံးက write current database for game ကို click ပါ ခင်ဗျားgameထဲမှာ ပါမဲ့နိုင်ငံက လိဂ်တွေ ဖော်ပြပေးပါလိမ့်မယ် မြန်မာဆိုတာပါမပါ checkပီး ok နှိပ်ပါ

No comments:

Post a Comment